Tuesday, 6 January 2026

5အသက် (၁၈) နှစ်နှင့်အထက် မြန်မာပြည်သူများ ပြည်တွင်း၌ နေထိုင်သည်ဖြစ်စေ၊ ပြည်ပ၌ ရောက်ရှိနေသည်ဖြစ်စေ အားလုံးကို ပါဝင်ဖြေဆိုကြရန် လေးစားစွာ ဖိတ်ခေါ်အပ်ပါတယ်။

 ကျွန်ုပ်တို့၏ ရည်ရွယ်ချက်မှာ ရိုးရှင်းပါသည်။ မြန်မာပြည်သူလူထုဆီမှ အသံကို တိုက်ရိုက်နားထောင်ရန် ဖြစ်ပါသည်။ ကျွန်ုပ်တို့ အချက်အလက်များကို ကောက်ယူရခြင်းမှာ မိတ်ဆွေတို့၏ တကယ့်ရွေးချယ်မှုများ၊ ဦးစားပေးအချက်များနှင့် မျှော်လင့်ချက်များကို နားလည်သဘောပေါက်ရန်နှင့် မိတ်ဆွေတို့၏ အသံကို နိုင်ငံတကာအသိုင်းအဝိုင်းနှင့် အဓိက ဆုံးဖြတ်ချက်ချမှတ်သူများထံ ရောက်ရှိစေရန် ဖြစ်ပါသည်။


မိတ်ဆွေတို့၏ ဖြေကြားချက်များသည် နိုင်ငံတကာမိတ်ဖက်များအတွက် အကျဉ်းချုပ် အစီရင်ခံစာများနှင့် မဟာဗျူဟာမြောက် အမြင်များကို ပြုစုရာတွင် အထောက်အကူ ဖြစ်စေပါလိမ့်မည်။ ကောက်ယူရရှိသော အချက်အလက်များကို True Choice Myanmar ၏ ခေါင်းဆောင်ပိုင်း၊ အချက်အလက် ခွဲခြမ်းစိတ်ဖြာရေးအဖွဲ့နှင့် အချက်အလက် ပုံဖော်တင်ပြရေးအဖွဲ့ (Data-visualisation team) တို့ကသာ ကြည့်ရှုခွင့်ရှိမည်ဖြစ်ပြီး ကောက်ယူထားသည့် အချက်အလက်များကို ကာကွယ်ရန်အတွက် လုံခြုံရေးဆိုင်ရာ အမြင့်ဆုံး စံချိန်စံညွှန်းများကို ကျင့်သုံးထားပါသည်။


အသက် (၁၈) နှစ်နှင့်အထက် မြန်မာပြည်သူများ ပြည်တွင်း၌ နေထိုင်သည်ဖြစ်စေ၊ ပြည်ပ၌ ရောက်ရှိနေသည်ဖြစ်စေ အားလုံးကို ပါဝင်ဖြေဆိုကြရန် လေးစားစွာ ဖိတ်ခေါ်အပ်ပါတယ်။


No comments:

Post a Comment